နွားထိုးကြီး ဒီဇင်ဘာ ၁၇
နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပ ထွက်သူတိုင်း Mask တပ်ဆင်ရေး စစ်ဆေးကြပ်မတ်ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက စည်ပင်သာယာ မြို့မဈေးတွင် စည်ပင်ကော်မတီနှင့် ဈေးရုံးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စည်ပင်သာယာရေးအဖွဲ့၊ ဈေးရုံးအဖွဲ့နှင့် စည်ပင်ကော်မတီတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က စည်ပင်သာယာမြို့မဈေးတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွန်ချက်များအား Hand Speker ဖြင့် အသိပေးနှိုးဆော်ခြင်းများနှင့် နေအိမ်ပြင်ပထွက်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်များ Mask တပ်ဆင်မှု ရှိ/မရှိ တို့ကို လှည့်လည် စစ်ဆေးခဲ့ပြီး Mask များကို စနစ်တကျတပ်ဆင်ကြရန် အသိပညာပေးပြောကြားခြင်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်