ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ မီးသတ်တပ်ဖွဲ့စခန်းမှ  ပြည်သူများမီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့က အမှတ် (၁၊ ၂၊ ၃) ရပ်ကွက်အတွင်း ဆောင်ရွက်သည်။

ပြည်ကြီးမဏ္ဍိုင်မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ပြည်သူများ ကြိုတင်ကာကွယ်ရေး လုပ်ဆောင်နိုင်ရန် အသိပေး နှိုးဆော်သည့်အနေဖြင့် ယခုလိုဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုလိုခြောက်သွေ့ရာသီတွင် မမျှော်လင့်နိုင်သည့် မီးဘေးအန္တရာယ် များ ဖြစ်ပေါ်လာ နိုင်သည်ဖြစ်၍ ပြည်သူများသတိပြုဆင်ခြင်နိုင်စေရန် အသိပေးနှိုးဆော်ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူများ အမြဲ သတိပြုနိုင်စေရန် (၃) ရက်တစ်ကြိမ် ယခုလို အသိပေးနှိုးဆော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးမှူး ဦးသန်းဇော်ထွန်းထံမှ သိရသည်။

မျိုးလွင်(ပြန်/ဆက်)