သိန္နီ ဒီဇင်ဘာ -၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ရပ်ကွက်(၃) အတွင်းရှိ မြို့တွင်းလမ်းဖြစ်သော မဂ္ဂင်လမ်း (သူဇာလမ်းနှင့်ဂန္ဓမာလမ်းကြား)၌ ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ(၃) လပတ် ငွေလုံး ငွေရင်း ရန်ပုံငွေ(ပြည်နယ်ဘတ်ဂျက်)ဖြင့် ဆောင်ရွက် နေသည့် လုပ်ငန်းဖြစ်ပြီး ယနေ့ မွန်းလွဲ ပိုင်းက မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ ဦးညီညီမောင်ဦးဆောင်၍ တာ၀န်ခံ အင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၊ အငယ်တန်း အင်ဂျင်နီယာ(၂) ဒေါ်သက်ဇင်ဦးတို့ ပူးပေါင်း ပါ၀င်ကာ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါလမ်းမှာ ရပ်ကွက်(၃)အတွင်းရှိပြည်သူများ၊ လမ်းသွား လမ်းလာ ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာဖြတ်သန်း သွားလာနိုင်ရေးအတွက် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို ဆောင်ရွက် ပေးခြင်းဖြစ်ပြီး အလျားပေ- ၅၄၂ပေ၊ အကျယ်ပေ-၁၂ပေ၊ထုပေ-၉လက်မဖြစ်ပြီး ခန့်မှန်း ကုန်ကျငွေ-(၉၄၁၀၀၀၀)ကျပ် (ကိုးဆယ့်လေးသိန်းတစ်သောင်းတိတိ/-) ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ဖိုးချို( ပြန်- ဆက်)