မိုင်းရှူး ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နေ့လည် (၂)နာရီအချိန်ခန့် က မြို့လယ်တံတားထိပ်နှင့် ရွှေဟင်္သာစျေးထောင့်တို့၌ Mask Campaign တစ်ရပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာပြည်သူများ အိမ်အပြင်ထွက်လျှင် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်များ၊ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပညာပေးပြောကြားသည်။
အဆိုပါဆောင်ရွက်မှုတွင် မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လမ်းသွားလမ်းလာပြည်သူများအား Mask (၅၀၀)ခုနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင် (၅၀၀)တို့ကို အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)