မန်တုံမြို့တွင် အမျိုးသမီးနှင့်လုံခြုံရေးခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) အစီအစဉ် ဆောင်ရွက်

မန်တုံ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် အမျိုးသမီးအဖွဲ့ (Women Club)နှင့် ပူးပေါင်ပြီး အမျိုးသမီးနှင့်လုံခြုံရေးခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) အစီအစဉ်အား ဒီဇင်ဘာလ (၁၅) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင် က (Talk Show) အစီအစဉ် ကျင်းပဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမျိုးသမီးအဖွဲ့ (Women Club) ဥက္ကဋ္ဌ ဒေါ်မာဘောက်နှင့် အဖွဲ့ဝင် ဒေါ်လဲ့လဲ့အောင် တို့က ဦးဆောင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးတို့၏ ဘဝလုံခြုံမှုများ ရှိလာစေရေးအတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အမျိုးသမီးများရဲ့ ဘဝလုံခြုံမှုသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် ကာကွယ်စောင့်ရှောက်ပေးရမည့် အကြောင်းအရာများအား ဆွေးနွေးခဲ့သည်။ အဆိုပါအစီအစဉ်အား ဗွီဒီယိုမှတ်တမ်း အပြည့်အစုံ ရိုက်ကူးကာ IPRD Manton Facebook Page တွင် လွှင့်တင်ဖော်ပြပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စည်သူမောင်မောင်(ပြန်/ဆက်)