တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်ပကြောင်းဟောပြောပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

တံတားဦး ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဇူလိုင် ၂၄ ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဘိုမောင်၊ ဦးစီးအရာရှိက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း ဟောပြောရာတွင် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်ခြင်းကို မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြား အန္တရာယ်နှင့် လူငယ်များ မူးယစ်ဆေးဝါးနှင့် ကတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်နိုင်ရန်အတွက် အသိပညာဗဟုသုတများ ရရှိရေးပြောကြားပြီး ကျောင်းသား/သူများ၏ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးကြည်။

ထို့နောက် တံတားဦးအခြေခံပညာအထက်တန်းကျောင်းမှ Grade -7မှ ကျောင်းသား/သူ(၂၀)ဦးမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပပေးပြီး ပြိုင်ပွဲဝင်များအား မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဦးရဲတင့် (ပြန်/ဆက်)