မိုင်းငေါ့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်

မိုင်းငေါ့ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများအဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်းအနီး၌ ဖွင့်လှစ်ထားသော ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည်သူများအား နေ့စဉ်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက် ရှိပါသည်။

ကိုဗစ်-၁၉‌ ရောဂါ ကူးစက်ပြန့်ပွားမှုများ ပြားလာသောကြောင့် ကျန်းမာရေးစစ်ဆေးရေးဂိတ်ရှိ နေ့စဉ် တာဝန်ကျ ဝန်ထမ်းများက ခရီးသွားပြည်သူများ၏ ခရီးသွားရာဇဝင်မှတ်တမ်းများ ရယူခြင်း Mask နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှ မြိုတွင်းသို့ ဝင်ရောက်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသည့် ဒေသနှင့်ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူ ကျား()ဦး မ(၈)ဦး စုစုပေါင်း(၁၄)ဦးတို့အား Facility Quarantine ထားရှိခြင်းများ ပြုလုပ် ဆောင်ရွက်လျက်ရှိပြီး နေ့ရက်အလိုက် တာဝန်ကျ ဝန်ထမ်းများမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ နေ့စဉ် နံနက်()နာရီ အချိန်မှည ()နာရီအချိန်ထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် လမ်းသွားလမ်းလာ ပြည်သူများအား နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း Mask နှာခေါင်း စည်းများ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူအောင် ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်မှူးများနှင့် ပူးပေါင်း၍ နှာခေါင်းစည်း Mask အခု(၅၀၀)ကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)