နောင်ချို ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ရေး လုပ်ငန်းရှင်များနှင့်ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ (၁)နာရီခွဲအချိန် က နောင်ချိုမြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ပုံငွေရှာဖွေရေးကော်မတီ (အဖွဲ့-၃) အဖွဲ့ခေါင်းဆောင် စည်ပင်သာယာရေးအမှု ဆောင်အရာရှိ ဦးမျိုးဝင်းဇော် က "မြို့အဝင်စစ်ဆေးရေးဂိတ်၌ နေ့စဉ်တာဝန်ထမ်းဆောင်မှု အခြေအနေ၊ Positive Centre၊ Quaratine Centre များ၌ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့မြို့နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် တတ်စွမ်းသ၍ ပါဝင်လှူဒါန်းနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းရှင်များ က အလှူငွေစုစုပေါင်း ကျပ်(၃၁၁၀၀၀၀/-) ကို ထည့်ဝင်လှူဒါန်း ပေးခဲ့ကြပြီး ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသည့် လုပ်ငန်းရှင်များမှလည်း ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါထည့်ဝင်လှူဒါန်းကြသော လုပ်ငန်းရှင်များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို အိမ်တိုင်ရာရောက် ပေးပို့ပေးသွားမည်ဖြစ်ပြီး ရရှိသောအလှူငွေများကို မြို့နယ်ရန်ပုံငွေ ထိန်းသိမ်းရေးနှင့် ထောက်ပံ့ရေးကော်မတီသို့ အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)