ချင်းရွှေဟော် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ စည်ပင်သာယာ ရေး ဦးစီးဌာနမှ မြို့အတွင်း၌ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပြုလုပ်ဆောင်ရွက် နေသည့် ချင်းရွှေဟော်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ၊ အခြေခံပညာ အထက်တန်းကျောင်းရှေ့လမ်း၌ အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းမှာ ယနေ့ နံနက်(၁၀)နာရီအချိန်က ရာနှုန်းပြည့် ပြီးစီးကြောင်း သိရသည်။
အဆိုပါ အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ(၁၁)ရက်နေ့မှစတင်၍ ချင်းရွှေဟော်မြို့၊ စည်ပင် သာယာရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေ:နှစ်၊ ပထမ(၃)လပတ်ငွေလုံးငွေရင်း၊ ခွင့်ပြုငွေကျပ (၉၈.၇၅) သိန်းဖြင့် အလျား(၃၉၅)ပေ၊ အနံ(၃) ပေ၊အမြင့်(၂)ပေ၊ (၆)လက်မရှိပြီး ချင်းရွှေဟော်မြို့၊ စာသင်ကျောင်းရှေ့လမ်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်၌ ရာနှုန်းပြည့်ပြီးစီးကြောင်း ချင်းရွှေဟော်မြို့၊ စည်ပင်သာယာရေးဉီးစီးဌာနမှ သိရသည်။
ထိုသို့ ချင်းရွှေဟော်မြို့၊ စာသင်ကျောင်းလမ်း၌ အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုကို ချင်းရွှေဟော်မြို့၊ အုပ်ချုပ်ရေးမှူး ဦးသက်ဉီးပိုင်နှင့် စည်ပင်သာယာရေးဉီးစီးဌာနမှ၊ ဒုတိယဦးစီးမှူး ဦးဟိန်းမြတ်ဇော် နှင့် အဖွဲ့က ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)