မိတ္ထီလာမြို့နယ် စက်ပစ်တောင်ကျေးရွာ၌ ဓမ္မပျိုးခင်း ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ စက်ပစ်တောင်ကျေးရွာ စိတ္တသုခကျောင်းတိုက်၌ ဓမ္မပျိုးခင်း ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဓမ္မစကူးလ်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကုသလာရာမ ဓမ္မစကူးလ်ဦးဆောင်ဆရာတော် ဘဒ္ဒန္တကုသလထံမှ ငါးပါးသီလတရားတော်များကို တက်ရောက်လာကြသူများက ခံယူဆောက်ကြသည်။ ဆက်လက်၍ မြို့နယ်ဓမ္မစကူးလ်ကော်မတီဒုတိယဥက္ကဋ္ဌ ဘုရားကြီး‌ကျောင်းတိုက် ဘုရားကြီးဓမ္မစကူးလ် ဦးဆောင်ဆရာတော် ဘဒ္ဒန္တဣန္ဒြိယနှင့်  မြို့နယ်ဓမ္မစကူးလ်ကော်မတီအတွင်းရေးမှူး  ဥယျာဉ်ကုန်း ကျောင်းတိုက် သီတဝတီဓမ္မကူးလ်၊  မာန်အောင်ရတနာဓမ္မာစကူးလ်တို့၏ ဦးဆောင်ဆရာတော် ‌ဒေါက်တာဘဒ္ဒန္တကောသလ္လတို့က အားပေးဩဝါဒါများမိန့်ကြားခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဓမ္မစကူးလ်ဖောင်းဒေးရှင်း(ဗဟို) သင်တန်းနည်းပြ ဒေါ်လဲ့လဲ့ဝင်းက ဓမ္မစကူးလ်အကြောင်းသိကောင်းစရာများကို ဆွေးနွေးပြောကြားပြီး သင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းသည့် စေတနာရှင်အလှူရှင်များထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာများကို ဓမ္မပျိုးခင်း ဓမ္မစကူးလ် ဦးဆောင်ဆရာတော် ဘဒ္ဒန္တဥတ္တမသာရ( ဓမ္မာစရိယ)နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ အဆိုပါဓမ္မ စကူးလ်သင်တန်းသို့  သင်တန်းသား သင်တန်းသူ ၁၄ဝ ဦးတက်‌ရောက်ပြီး   ဓမ္မပျိုးခင်း ဓမ္မကူးလ် ဦးဆောင် ဆရာ တော်နှင့် သင်တန်းနည်းပြ ၁၁ ဦးတို့က အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်တန်းဖွင့်လှစ်ပြီး သင်တန်းကို ဇူလိုင်လ ၂၇ ရက်နေ့မှ ၂ဝ၂၆ ခုနှစ် ဇန်နဝါရီ လ ပထမအပတ်အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ