ရွေ့လျားစနစ်ဖြင့် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျောက်ဆည် ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ထောက်အကူပြုစေရန်အတွက် ရွေ့လျားစနစ်ဖြင့် ပြည်သူ့သက်သာဈေးများဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အေးမြကြည်လင်ရပ်ကွက်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အခြေခံစားသောက်ကုန်များရောင်းချရာ၌ လက်ရှိပေါက်ဈေးအပေါ်(၂၀)ရာခိုင်နှုန်းလျော့ချ၍ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား ဝက်သား(၃၅) ပိဿာ၊ အမဲသား(၃၀)ပိဿာ၊ ဆိတ်သား (၁၅)ပိဿာ၊ စားအုန်းဆီ(၁၁၀)ပိဿာတို့အား ရောင်းချပေးခဲ့ကြောင်း ပြည်သူ့သက်သာဈေးဖွင့်လှစ်ရောင်းချခဲ့သည့် တာဝန်ရှိသူတစ်ဦးမှ သိရသည်။

 သက်မောင်၊ကျောက်ဆည်