ထားဝယ် ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်သည့် အစားအသောက်များ၊ အလှကုန်ပစ္စည်းများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမရှိစေရန်နှင့် အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန် ယမန်နေ့ နံနက်ပိုင်းက တဂူသိမ်စျေးတွင် ပြည်သူလူထုနေ့စဉ် စားသောက်၊ အသုံးပြုနေသောအ ခြေခံစားကုန်များနှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ခွင့်မပြု၊ သက်တမ်း လွန်အစားအသောက်၊ အလှကုန်များ ရောင်းချမှု ရှိ မရှိ ကြည်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုနောက် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ(FDA) တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါ်မေသန်းနိုင်နှင့် အဖွဲ့ဝင်များ၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံး/ သုံးစွဲမသင့်အစား အသောက်နှင့်အလှကုန် ပစ္စည်းများစာရင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များအား စျေးရောင်းချသူ များ ထံဖြန့်ဝေပေးခဲ့သည်။
၄င်းနောက် စားသုံးမသင့်သော ကြက်ဖ ငရုတ်ဆီဗူးများတွေ့ရှိသဖြင့် နောက်နောင်ရောင်းချခြင်းမပြုရန် ခံဝန်ဂတိ လက်မှတ်ရေးထိုးစေခဲ့ပြီး၊ ပစ္စည်းများကိုသိမ်းဆည်း၍ တဂူသိမ် အမှိုက်ပုံဖျက်ဆီးစွန့်ပစ်ခဲ့ကြကာ ရွေ့လျားဓာတ်ခွဲယာဉ်တွင်ပါရှိသော စမ်းသပ်ပစ္စည်းများဖြင့် မုန့်ဖတ်၊ ခေါက်ဆွဲအစို၊ ခေါက်ဆွဲခြောက်၊ ငပိအစ ရှိသည့် အစားအသောက်နမူနာများတွင် ခွင့်မပြုဓာတုပစ္စည်း၊ ဆိုးဆေးများပါဝင်မှုရှိမရှိစစ်ဆေးရာ ခွင့်မပြုဓာတု ပစ္စည်း များပါဝင်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။
ကျော်ကျော်လတ်(ခရိုင်ပြန်/ဆက်)