သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

သရက်ချောင်း ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်တောင်ကျေးရွာနှင့် သင်းကျွန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုးအကုန်ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူများ၏ အသက်၊အိုးအိမ်များ မီးဘေး အန္တရာယ်မှကင်းဝေးစေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ထက်လင်းစိုးဦးဆောင်သည့် မီးသတ် တပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်းပြည်သူများ၏ မီးသုံးစွဲမှုအခြေအနေများ၊ စက်သုံးဆီရောင်းချနေသည့် ဆိုင်များအတွင်း မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးများ ထားရှိထားခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ရက်ချောင်း(ပြန်/ဆက်)