ဟိုပုံး ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ နှာခေါင်းစည်း( Mask) တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို နေ့စဉ် Mask Campaign ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၃) နာရီအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးအောင်နေဇော်၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းတို့ ပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရမှုမှ ကာကွယ်နိုင်ရန် နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာစေရေးအတွက် နှာခေါင်းစည်း (Mask) (၃၅၀)ခု အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)