မအူပင် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောစည်းကမ်းသတ်မှတ် ချက်များအတိုင်း သွားလာစေရေး စစ်ဆေးရေးဂိတ်(၇)ခု Mobile Team အဖွဲ့လေးဖွဲ့ဖြင့် နံနက် ၆ နာရီမှည ၉ နာရီအထိ အဖွဲ့(၄)ဖွဲ့ခွဲ၍ မြို့တွင်းလူစည်ကားရာလမ်းများတွင် နေ့စဥ်လှည့်လည် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့စစ်ဆေးရာတွင် ယနေ့နံနက်ပိုင်းတွင်ဘုရားလမ်းနှင့် တေဇလမ်းထောင့်နှင့် အောင်ဇေယျလမ်းတို့တွင် Mobile Team အဖွဲ့က ကျေးရွာများမှ စျေးဝယ်ခရီးသွား ပြည်သူများကို ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ မြို့ပေါ်ရပ်ကွက်များမှ နေအိမ်ပြင်ပထွက်ခွာသူများကို သတ်မှတ်ခွင့်ပြုကတ်ပြားများဖြင့် သွားလာခြင်းနှင့် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/ မရှိကို စစ်ဆေးကြသည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့ပေါ်ရပ်ကွက်များမှ ခရီးသွားပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာခွင့်ကတ်၊ စျေးဝယ်ခွင့်ကတ်၊ လုပ်ငန်းခွင်ဝင်ရောက်မည့် ကတ်ပြားများ တစ်ခုခုပါရှိရမည်ဖြစ်ပြီး ကျေးရွာများမှ ခရီးသွားပြည်သူများ အနေဖြင့် Stay at Home ကတ်ပြားနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံစာပါရှိမှသာ မြို့အတွင်းသို့ ဝင်ထွက် သွားလာနိုင်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီထံမှ သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)