သိန္နီ ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့မြို့အဝင်မုခ်ဦးဆိုင်းဘုတ် အသစ်တည်ဆောက်ခြင်း လုပ်ငန်းမှာ၂၀၁၉ -၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင် ဦးဆောင်၍ တာ၀န်ခံ အင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်သက်ဇင်ဦးတို့ ပူးပေါင်းပါဝင်ကာ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမုခ်ဦးမှာ လားရှိုးမြို့အထွက်ဘက် ပြည်ထောင်စုလမ်းမကြီး၏ လမ်းဘေး ဝဲ-ယာ တစ်ဘက်စီတို့တွင် တည်ဆောက်ထားရှိသည်။ မုခ်ဦး(၁)ဖက်စီ၏ အတိုင်းအတာမှာ အလျားပေ-၁၁ ပေ၊အနံပေ-၅ ပေပေ၊ အမြင့်ပေ- ၂၁ပေရှိပြီး ခန့်မှန်းကုန်ကျငွေ-(၂၄၆၅၀၀၀၀/-) ကျပ်(နှစ်ရာလေးဆယ့်ခြောက်သိန်း ငါးသောင်းတိတိ/-) ကုန်ကျမည် ဖြစ်ပြီး အနုပညာမြောက်စွာဖြင့် ဆောက်လုပ်ထားကြောင်း သိရသည်။
ဖိုးချို(ပြန်/ဆက်)