မန့်ဟီးရိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

မန့်ဟီးရို ဩဂုတ် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   ရုံးခန်းမတွင် မြို့အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများမှ ရဟန်းသံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကို ဩဂုတ်လ ၃ ရက် နံနက်(၁၀) နာရီအချိန်က ပြုလုပ်ခဲ့ သည်။           

မန့်ဟီးရိုးမြို့အတွင်း၌ ဘုန်းတော်ကြီးကျောင်း(၁၃)ကျောင်းမှ ကျောင်းထိုင်ရဟန်းသံဃာမျာ ေအတွက် ဝါဆိုဦးအလှူဖြစ်သည့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းကို မြို့အထွေထွအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ် အောင် နှင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ အခြေချတပ်စခန်းမှ တပ်စခန်းမှူးများ၊ မြို့မရဲစခန်းမှူး ရဲအုပ်တင်အောင်စိုး၊ မီးသတ်တာဝန်ခံ လက်ထောက်ဦးစီး စိုးဝင်းမြင့်နှင့် ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ စုပေါင်း ဆက်ကပ်လှူဒါန်းကြ သည်။                                           

ယင်းနောက် ကြွရောက်လာသော ရဟန်းသံဃာအရှင်သူမြတ်များထံသို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်အစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး မန့်ဟီးရိုးမြို့ ဟိုလွမ်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ၍ ရေစက်သွန်းချအမျှဝေခဲ့ကြကာ  ရဟန်းသံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)