မြောင်းမြမြို့၊ ဘုရားချောင်းတံတား ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်

မြောင်းမြ  ဒီဇင်ဘာ  ၁၈

မြောင်းမြမြို့၊ မြရတနာရပ်ကွက်ရှိ ဘုရားချောင်းတံတားပြုပြင်ခြင်းကို ယနေ့နံနက်မှ စတင်ကာ စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါတံတားကို ၂၀၁၆−၂၀၁၇ ခုနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးခဲ့သော အလျား ၈၅ ပေ × အကျယ် ၁၄ ပေရှိ သစ်သားကြမ်းခင်း၊ RC တိုင် တံတားဖြစ်ကြောင်းနှင့် ဖြတ်သန်း သွားလာမှုများခြင်း၊ နှစ်လကြာမြင့်လာခြင်း၊ ကြံ့ခိုင်မှုအားနည်းလာသဖြင့် ပြန်လည်ပြုပြင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ မြောင်းမြမြို့ရှိ အလှူရှင် ဦးဝင်းဇင်+ဒေါ်လှလှစန်း (သစ်လွင်မိသားစု) မှလှူဒါန်းမှုဖြင့် တံတားသစ်သားကြမ်းခင်းအား သံဘောင်အခင်း ခင်းခြင်း၊ လက်ရမ်းများ တပ်ဆင်ခြင်းအား သံဘောင်ယက္ခထပ်မံထည့်သွင်းခြင်း၊ ချဉ်းကပ်လမ်းကွန်ကရိခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းပြင်ခြင်းဆောင်ရွက်နေစဉ်အတွင်း (၁၈−၁၂−၂၀၂၀) မှ (၂၀−၁−၂၀၂၁) အထိ တံတားမှဖြတ်သန်း သွားလာခြင်းအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးလှဦး၏ ပြောကြားချက်အရ သိရသည်။

စန္ဒာကြည်(မြောင်းမြ)