တန့်ယန်း ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၃)ရပ်ကွက်ရှိ Quarantine Centre ၌ ဒီဇင်ဘာလ ၁၅ ရက် ညနေပိုင်းက Quarantine ထားရှိသူများအား တို့ဖတ် ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ပြီး မူဆယ်မြို့ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဓါတ်ခွဲဌာန၏ ကျန်းမာရေးစစ်ဆေးချက်အရ အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာသည် ရန်ကုန်မြို့မှ လာရောက်ခြင်းဖြစ်ပြီး ရောက်ရောက်ခြင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးကုသရေးကော်မတီမှတာဝန်ရှိသူများက အမှတ်(၃)ရပ်ကွက်တွင်ရှိသည့် စောင်ကြည့်ရေးစခန်း၌ သီးသန့် Quarantine ထားရှိပြီး နှာခေါင်းနှင့်အာခေါင်တို့မှ တို့ဖတ် ဓါတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့်အတွက် မြို့နယ်ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ကုသ ဆောင်တွင် ဆက်လက်၍ ဆေးကုသပေးမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)