မိုင်းပျဉ်းမြို့တွင် မေတ္တာလမ်းကွန်ကရစ်လမ်းခင်းခြင်းနှင့် ဦးအောင်မြတ်လမ်းကျောက်ချောခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိုင်းပျဉ်း ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် မေတ္တာလမ်း ကွန်ကရစ်ခင်းခြင်းနှင့် ဦးအောင်မြတ်လမ်းကျောက် ချောခင်းခြင်းလုပ်ငန်းများကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင် အကောင်ဖော်ဆောင်ရွက်ခဲ့ရာ  နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မေတ္တာလမ်းကွန်ကရစ်ခင်းခြင်းကို ပြည်နယ်အစိုးရရန်ပုံငွေကျပ်(၂၀)သိန်းဖြင့် (အရှည်၁၀၀ပေ၊ အကျယ်၁၂ပေ၊ ထု ၆လက်မ) နှင့်ဦးအောင်မြတ်လမ်း ကျောက်ချောခင်းခြင်း လုပ်ငန်းကို ခွင့်ပြုငွေကျပ်(၄၀)သိန်းဖြင့် (အလျား ၂၄၀ပေ၊ အကျယ် ၁၆ပေ၊ ထု ၃လက်မ)ဖြင့်စသည့်လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိဦးစိန်ဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဆွေဆွေဝင်းတို့မှ အနီးကပ်ကြီးကြပ်မှု၊ စနစ်တကျလမ်းညွှန်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

၎င်းလမ်းများ အောင်မြင်စွာပြီးစီးခြင်းကြောင့် မြို့နေပြည်သူများ ပညာရေး၊ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများအတွက် အဆင်ပြေ ကောင်းမွန်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်၊ ပြန်/ဆက်