ဖား​ဆောင်းမြို့၌ မြစိမ်း​ရောင်​​ကျေးရွာစီမံကိန်း ​ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ဖား​ဆောင်း ဒီဇင်ဘာ ၁၈

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ မြစိမ်း​ရောင်​ကျေးရွာစီမံကိန်းရန်ပုံ​ငွေ စီမံခန့်ခွဲမှုနှင့် ​ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယမန်​နေ့က  အဆိုပါ ဦးစီးဌာန အစည်းအ​ဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်နန်း​ထွေးသူက အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး ဘောလခဲခရိုင်၊​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစံမြက ထပ်ဆင့်အမှာ စကား​ပြောကြားခဲ့သည်။

ထို့​နောက် ဖား​ဆောင်းမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်း ဝင်းစိုးက မြစိမ်း​ရောင်စီမံကိန်းနှင့် စပ်လျဉ်း၍ ​ကော်မတီဝင်များ လုပ်​ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို သိရှိ​စေရန်၊​ ကျေးရွာအဆင့်တွင်​ ဆောင်ရွက်ရမည့်​ ကော်မတီများ၏ လုပ်ငန်းတာဝန်များ သိရှိ နားလည်ပြီး ငွေစာရင်း ထိန်းသိမ်းရမည့် ပုံစံအား လက်တွေ့​ဆောင်ရွက်တတ်​စေရန် ရည်ရွယ်၍ ​ငွေစားရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်​ကြောင်း ​ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးက ယခုသင်တန်းမှ ရရှိ​သော ပညာရပ်များကို လက်​တွေ့နယ်ပယ်တွင် အကျိုးရှိ စွာ အသုံးပြု​စေလို​ကြောင်း နိဂုံးချုပ်အမှာစကား ​ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာ​ရေးနှစ် မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း အ​ကောင်အထည်​ဖော် ဆောင်ရွက်မည့် ကျေးရွာများဖြစ်သည့် စုစည်း​ကျေးရွာနှင့် အနာဂတ်အလင်းတန်း​ကျေးရွာမှ ကော်မတီဝင်(၁၈)ဦး တက်​ရောက်ခဲ့ပြီး သင်တန်းကာလမှာ တစ်ရက်ဖြစ်​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)