ညောင်ဦး ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကိုဗစ်-ကူးစက်ရောဂါကာလအလွန် ဖွင့်လှစ်ခွင့်ရပါက ပလင်းကမ်း သာယာ ဆင်စခန်းဝင်းအတွင်း ရှုမျှော်ခင်းကြည့်တံတား၊ သစ်ပင်မျှော်စင်(Tree House) ၊ကလေးကစားကွင်း၊ ဥယျာဉ်၊ ဆင်ပြတိုက်နှင့်ဆင်စခန်းလာ ဆင်ချစ်သူများစိတ်ကျေနပ်စေမည့် ကြိုတင်ပြင်ဆင်မှုများပြင်ဆင် ထားကြောင်း ပလင်း ကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ)ထံကသိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားလာသည့်အချိန်မှ စတင်ကာ ပလင်းကမ်းသာယာ ဆင်စခန်းကိုလာရောက် လည်ပတ်ခွင့်ပိတ်ထားခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ လျော့ကျ၍ ပြန်လည်ဖွင့်လှစ်ခွင့်ရပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားချက်၊ စည်းကမ်းချက်များနှင့်အညီဖွင့်လှစ်ခွင့်ရရှိမည်ဆိုပါက ပလင်းကမ်းသာယာဆင်စ ခန်းလာရောက်လည်ပတ်သည့် ဆင်ချစ်သူများ အပန်းဖြေနားနေနိုင်ရန် ခြေတံရှည်တဲ နားနေဆောင်များ၊ သစ်ပင်ကြီးများနှင့်ထန်းပင်ကြီးများအမီပြုဆောက်လုပ်ထားသည့် သစ်ပင်မျှော်စင်((Tree House)ဆောက်လုပ်ထားခြင်း၊ ဆင်စခန်းလာဆင်ချစ်သူများ လေညှင်းခံရှုမျှော်ခင်းကြည့်ရှုနိုင်ဖို့ ဧရာဝတီ မြစ်ကမ်း ဘက်တံတားတည်ဆောက်ထား ခြင်း၊ ကလေးကစားကွင်းနှင့် ဥယျာဉ်တွင် ကလေးငယ်များ ပျော်ရွှင်စွာ ကစားနိုင်ခြင်း ၊ ဆင်ပြတိုက်တွင် အာဖရိကဆင်များအကြောင်း၊ အာရှဆင်များအကြောင်းနှင့် မြန်မာ့သစ် ထုတ်ရေးဌာန၊၏ ဆင်များနှင့်အလုပ်လုပ်ခဲ့ပုံအဆင့်ဆင့်အား ဆင်ပြတိုက်တွင့်လေ့လာနိုင် ကာ၊ ဆင်ခေါင်း၊ ဆင်ဦးစီး ၊ဆင်ပဲ့ချိတ်တို့၏ နေအိမ်တဲတည်ဆောက်ပုံများ၊ ဆင်စွယ်စစ် များဖြစ်သည့် သပိတ်ပိုက် ဆင်စွယ်ပုံ၊ စွယ်တုတ်ဆင်စွယ်ပုံ၊ စွယ်ကား ၊စွယ်စိုက်ဆင်စွယ် ပုံများကိုပုံစံအမျိုးမျိုးပြသထားခြင်း၊ ဆင် တစ်ကောင်လုံး၏ ဆင်စွယ်အကျိုးစုသရုပ်ပုံပြသ ထားခြင်း၊ မြန်မာနိုင်ငံတွင်မွေးဖွားသည့် ဆင်အမွှာကလး နှစ်စုံပြသ ထားခြင်း၊ ဆင်ဖြူ တော်များအကြောင်း၊ အာရှဆင်ခေါ်မြန်မာ့ ဆင်များ တောလိုက်မုဆိုး တို့၏သတ်ဖြတ်မှု အခံရဆုံးတိုင်းဒေသကြီးနှင့် နေရာစုံလင်စွာ ပြသထား သည့်ဆင်ပြတိုက်ကိုလေ့လာနိုင်ခြင်း နှင့် ပလင်ကမ်းသာယာဆင်စခန်းရှိ ဆင်များရေချ၊ရေချိုးချိန်၊ ဆင်များဆင်စာဘူဖေး ကျွေးချိန်၊နှင့်မြစ်ကြောင်း တစ်လျှောက်မော်တော်စီး၍ ရှုခင်းများကြည့်ရှုနိုင်အောင်စီစဉ် ထားကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုကရှင်းပြသည်။
ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံလမ်းမကြီးဘေးတွင် တည်ရှိပြီး ညောင်ဦးမြို့မှ ငါးမိုင်ခန့်အကွာ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ် ကမ်းဘေးတွင်ဖွင့်လှစ်ထားသည့်ဆင်စခန်းဖြစ်ကာ ဆင်စခန်းဝင်းတွင် ဆင်ခုနှစ်ကောင် ရှိကြောင်း၊ ဆင်စခန်းဝင်ကြေး ပြည်တွင်းဧည့်သည် ၁၀၀၀ကျပ်၊ ပြည်ပဧည့်သည် ၁၀၀၀၀ ကျပ်၊ ဆင်စီးခ ပြည်တွင်းဧည့်သည် ၅၀၀၀ကျပ်၊ ပြည်ပဧည့်သည် ကျပ် ၁၀၀၀၀ ၊ဆင်စာ တစ်ဗန်း ၁၀၀၀ကျပ်၊ဖြင့်ကျွေးနိုင်ကာ ဆင်စခန်းဝင်းအတွင်းနားနေဆောင် ခြေတံရှည် တဲများပေါ်မှ သန့်ရှင်းလတ်ဆတ်သည့် အစားအစာများမှာယူစားသုံး နိုင်အောင်လည်း စီစဉ်ထားကြောင်းသိရကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးစည်း ကမ်းချက်များနှင့်အညီဖွင့်လှစ်ခွင့်ပြုချိန် ကြိုတင်စီမံဆောင်ရွက်ထား ရှိခြင်းဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ) ကရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD