မိုင်းဆတ် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စုရှိ မယ်ဖားလုံဖောင်ဒေးရှင်း Quarantine Center တွင် တာချီလိတ်မြို့မှပြန်လာပြီး Quarantine ဝင်ရောက်နေသူ(၅)ဦးအား ယမန်နေ့ နံနက်(၈)နာရီက Test Kit ဖြင့်စစ်ဆေးခဲ့ရာ အမျိုးသားတစ်ဦးထံမှ ကိုဗစ်-၁၉ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ Quarantine ဝင်ရောက်နေသူ(၅)ဦးသည် တာချီလိတ်မြို့မှ မိုင်းဆတ်မြို့ ပူနားကိုကျေးရွာသို့ မော်တော်ယာဉ်ဖြင့်ရောက်ရှိလာသဖြင့် ဝမ်နောင်ကျေးရွာအုပ်စုရှိ မယ်ဖားလုံဖောင်ဒေးရှင်း Quarantine Center တွင် Quarantine ထားရှိခဲ့ပြီး Test Kit ဖြင့်စစ်ဆေးရာ အသက်(၃၂)နှစ်ရှိ အမျိုးသားတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန (Isolation Ward)သီးသန့်ဆောင်တွင် ထားရှိ၍ ဆေးကုသမှုပေးသွားမည်ဖြစ်ပြီး ၎င်းနှင့်ထိတွေခဲ့သည့် အသက်(၄)နှစ် အရွယ် ယောကျာ်းလေးတစ်ဦး၊ အသက်(၆)နှစ်၊ (၈)နှစ်၊ (၁၂) နှစ်၊ (၁၅)နှစ်၊ (၁၆)နှစ်၊ (၂၁)နှစ်၊ (၂၇)နှစ်၊ (၃၀)နှစ်ရှိ အမျိုးသမီး(၈)ဦးနှင့် အသက်(၁၄)နှစ်ရှိ အမျိုးသမီး (၃)ဦးတို့အား မယ်ဖားလုံဖောင်ဒေးရှင်း Quarantine Center ၌ Facility Quarantine ထားရှိပြီးဖြစ်ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)