ထန်တလန် ဩဂုတ် ၄
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရေး စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ထန်တလန်မြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ခရီးသွားပြည်သူများကို နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ထားခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့စစ်ဆေးရာတွင် စနစ်တကျတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်းဝယ်ယူ၍ ချက်ချင်း တပ်ဆင်စေပြီး နောက်ရက်များတွင်လည်း ထိုသို့စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး နှာခေါင်းစည်းများကို စနစ်တကျ လုံခြုံစွာတပ်ဆင်သွားလာခြင်းမပြုပါက ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)