မိုင်းဆတ် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask တပ်ဆင်သွားလာရေးအတွက် အပတ်စဉ်တိုင်း Mask Campaign ပြုလုပ်ပြီး Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီခွဲက မြို့မဈေးနှင့် ယာယီပျံကျဈေး တွင် ဆောင်ရွက်ခဲ့သည်။
မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီဝင်တို့က မြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ရောင်းချလျက်ရှိသော ဈေးသည်များ၊ ဈေးရှေ့ ဖြတ်သန်းသွားလာသူများနှင့် ဈေးဝယ်လာသူများအား Mask Campaign ပြုလုပ်၍ Mask (၁၅၀၀)ခုနှင့် Face Shield(၁၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်သွားလာခြင်းမှ ရှောင်ကြဉ်ရေး၊ မဖြစ်မနေ အိမ်ပြင်ထွက်သွားလာပါက Mask တပ်ဆင်သွားလာရေး၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျစင်ကြယ်စွာ ဆေးကြောရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက်ရေး တို့ကို ရှမ်း၊ အာခါ၊ လားဟူနှင့် မြန်မာဘာသာစကားတို့ဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၁၂၂) ယာဉ်ထိန်းတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)