မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် နေ့ညမပြတ် စစ်ဆေးဆောင်ရွက်

 

မိုင်းယု ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်အတွက် တာကြန့်ကျေးရွာရှိ ဟိုခိုတံတားအနီး၌ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ဒေသတွင်းနှင့် အခြားဒေသမှ ဝင်/ထွက်သွားလာသူတို့ကို ကျန်းမာရေး စစ်ဆေးမှုလုပ်ငန်းများ နေ့စဉ်ညဆက် စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိသည်။

အဆိုပါ စစ်ဆေးမှုတွင် မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှု ဖြင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ ..က၊ မီးသတ်နှင့် အခြားဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့က ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။

ယင်းကျန်းမာရေးစစ်ဆေးဂိတ်၌ မိုင်းယုဒေသသို့ ဝင်ရောက်လာကြသည့် ယာဉ်မောင်းများ၊ ခရီးသည်များနှင့် ခရီးသွားပြည်သူများကို ခရီးသွားရာဇဝင် ကောက်ခံခြင်း၊ လက်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်းများကို နေ့ညခွဲ၍ ကော်မတီအဖွဲ့ဝင်များက တာဝန်ကျရက်အလိုက် သွားရောက်ကာ စစ်ဆေးဆောင်ရွက်ပေးနေလျက်ရှိကြသည်။

အဆိုပါကျန်းမာရေးစစ်ဆေးဂိတ်၌ စစ်ဆေးမှုများကို နေ့စဉ် နံနက် နာရီအချိန်မှ နာရီ အချိန်အထိ စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပြီး မိုင်းယုမြို့ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါဆိုးအန္တရာယ် မကျရောက်စေရန်အတွက် တားဆီးစစ်ဆေးမှုများ ပြုလုပ် နေကြသည့် ကော်မတီအဖွဲ့များကိုလည်း ဒေသခံပြည်သူအလှူရှင်များကလည်း အစားအစာများ၊ လက်ဆေးရည်ဘူး (hand gel)များ၊ နှားခေါင်းစည်း (Mask)များနှင့် မျက်နှာအကာဖြစ်သည့် (Face Shield) များစသည့်တို့ကို တစ်ဖက်တစ်လမ်းမှပါဝင်၍ နေ့စဉ်လှူဒါန်းပေးလျက်ရှိပြီး ထပ်မံလှူဒါန်းလိုသည့် အလှူရှင်များကလည်း မြို့ကိုဗစ်ကော်မတီအဖွဲ့ တာဝန်ကျရာ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် လာရောက်လှူဒါန်းနိုင်ကြောင်း မြို့ကိုဗစ်ကော်မတီ အဖွဲ့ထံမှ သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)