ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်လံအသိပေးနှိုးဆော်

ကျောက်တလုံးကြီး     ဒီဇင်ဘာ  ၁၈

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ပတ်သက်၍ပြည်သူတို့တိုက်တွန်းအကြံပြုချက်နှင့် သိရှိလိုက်နာရမည့် အချက်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ပေါ် ()ရပ်ကွက်တွင် ယနေ့နံနက် ၈ နာရီခန့်က လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ပြည်သူများအားကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအားတတ်နိုင်သမျှမိမိအိမ်တွင်နေထိုင်ကြရန်၊ မဖြစ်မနေအိမ်ပြင်ထွက်ပါက နှာခေါင်းစည်း(Mask) မပျက်မကွက်တပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ လူချင်းပြောဆိုဆက်ဆံရာတွင် အနည်းဆုံး ခြောက်ပေအကွာမှ ပြောဆိုကြရန်၊ အများသုံး ပစ္စည်းများဖြစ် သည့်တံခါးလက်ကိုင်၊ လှေကားလက်ရမ်း၊ ငွေစက္ကူများ၊ အရာဝတ္တုတစ်ခုခု ကိုင်တွယ်ပြီးတိုင်းနှင့်အပြင်ထွက်တိုင်း၊ အပြင်မှပြန်လာတိုင်းလက်ကို အယ်ကိုဟောလ်အနည်းဆုံး (၆၀) ရာခိုင်နှုန်း ပါဝင်သော  လက်သန့်စင်ဆေးရည်(သို့မဟုတ်)ဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်၊မျက်စိတို့ကို ကိုင်သွယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်ညွန်ကြားချက်အား တိတိကျကျလိုက်နာဆောင်ရွက်ကြရန် မြို့ပေါ်ရပ်ကွက်အတွင်းသို့ ကျောက်တလုံးကြီး မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်   ဆယ်အိမ်မှူးတို့က Hand Speaker ဖြင့် မြန်မာ၊ ပအိုဝ်းဘာသာစကား () မျိုးဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြဝင်း(ပြန်/ဆက်)