ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲကြုံနေရသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း

ညောင်ဦး ဒီဇင်ဘာ ၁၈

သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ညောင်ဦးမြို့ မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ များ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ သောက်သုံးရေအလှူရှင်များ၏ လှူဒါန်းမှုဖြင့် ညောင်ဦးမြို့နယ်၊ ဂျန်းလှီး၊သုံးထောင်ခဲတဲတိုက်၊တောင်ဇင်းကွမ်းကြီးတဲတိုက်နှင့် ထီးပုကျေးရွာတို့မှပြည်သူများအား တစ်ရွာလျှင်ရေဂါလံ ၃၀၀၀ စီဖြင့် အိမ်ထောင်စုအလိုက် စနစ်တကျခွဲဝေ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

သောက်သုံးရေများ လှူဒါန်းပေးခြင်းကို ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲဖြစ်သည့် ကျေးရွာများမှ ချိတ်ဆက်အကူအညီတောင်းခံလာပါက ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း  အဆိုပါပရဟိတအသင်းမှ ဦးအောင်ငြိမ်းထံမှ သိရသည်။

ဖေလိန်း(ပုဂံ)