မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သားငါးဆိုင်များနှင့် ကုန်စုံဆိုင်များအား အထူးကြပ်မတ်ဆောင်ရွက်

မိုးမိတ်  ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဝင်များသည် မြို့မဈေးနှင့်ကုန်စိမ်းနှင့် သားငါးယာယီဈေးတို့ရှိ သားငါးဈေးဆိုင်နှင့် ကုန်စုံဆိုင်များအား  ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကိုဆက်လက် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊မရှိတို့ကို ယနေ့ နံနက်   ၇ နာရီခွဲအချိန်က လိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကောင်းမြတ်ပိုင် ၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးတင်ရှိန်နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ တားဆီးနိုင်ရေး ကော်မတီဝင်များက သားငါးဈေးဆိုင်နှင့် ကုန်စုံဆိုင်များအား  ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကို ဆက်လက် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိနိုင်ရေးနှင့် စည်းကမ်းချက်များကို မိမိတို့ကိုယ်လိုက်နာကျင့်သုံးပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် ဝိုင်းဝန်း ပူးပေါင်းကာကွယ်သွားကြရန် အထူးအရေးကြီးပါသဖြင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)