ပင်းတယ ဩဂုတ် ၅
ရှမ်းပြည် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် စည်ပင်သာယာ ရေးကော်မတီမှ မြို့သန့်ရှင်း သာယာ လှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေဖြင့် မြို့တွင်းလမ်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကဏ္ဍအလိုက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာ ရေးကော်မတီ၏ ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် သီရိမင်္လာရပ်ကွက် မဟာစည်လမ်း (၆၄၈ပေx၁၂ပေ) ကတ္တရာ ထပ်ပိုးလွှ ေခင်းခြင်း လုပ်ငန်း၊ ဆူးဗိုလ်ကုန်းရပ်ကွက် (၅၃၅ပေx၁၂ပေ) ကတ္တရာခင်းကျင်း ခြင်းလုပ်ငန်း၊ ပုန်းတလုတ် ရေကန် အတွင်းသို့ ရေသွင်းသည့် နှုန်းစစ်ကန်အနောက်ဘက်လမ်း (၅၀၄ ပေx၁၂ပေ) မြေသားလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း၊ ကန်သာယာပန်းခြံအတွင်း (၁၇၈ပေx၃ပေ) စဟ်သားဝင်းထရံကာခြင်းလုပ်ငန်းနှင့် နားနေ ဆောင် သုံးခုပြုလုပ်ခြင်း၊ ရှမ်းရပ် ကွက်ရှိ (၆၀၀ပေx၁၀ပေ) ၊(၂၇၄ပေx၁၀ပေ) ၊(၃၁၀ပေx၁၀) ရှိလမ်း သုံးခုအား ကတ္တရာလမ်းခင်း ကျင်းခြင်းလုပ်ငန်းများ၊ ကျောက်ဆင်ကြီးရေကန်သွားလမ်း (၃၁၄ပေx၁၀ပေ) ကတ္တရာလမ်းခင်း ခြင်းလုပ်ငန်း၊ ငှက်ပျောတောရပ်ကွက်ရှိ (၆၄၆ပေx၁၀ပေ) ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ပင်းတယမြို့အတွင်းရှိ ရပ်ကွက်များမှ လမ်းများပြုပြင်ခင်းကျင်းခြင်းနှင့် အခြားလုပ်ငန်း များဆောင်ရွက်ရန် အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြို့နယ်စည်ပင်သာယာရေး ငွေလုံး ငွေရင်း ရန်ပုံငွေမှ စုစုပေါင်းကျပ် (၈၀ ဒသမ ၀၇ ) သန်း သုံးစွဲထားကြောင်း သိရသည်။
ဆက်လက်၍လည်း ယခုစတုထ္ထသုံးလပတ်တွင် လုပ်ငန်းများဆောင်ရွက်ရန်လျာထား ချက်များအတိုင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးစည်သူဝင်း က ကြီးကြပ်၍ အငယ်တန်း အင်ဂျင်နီယာ (၂) ဒေါ်သိင်္ဂီဝင်းဦး တို့က ဦးဆောင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)