ကျေးသီး ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်−၁၉ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယမန်နေ့က မြို့နယ် အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါအောင်နှင့် မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ မြို့နယ်စည်ပင် သာယာရေးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သွားရောက်၍ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရန်နှင့် ဆိုင်များ ပြန်လည် ဖွင့်လှစ်ရောင်းချပါက ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် စျေးရောင်းချသူများနှင့်စျေးဝယ်လာသူများ နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ရန်၊ စျေးဆိုင်တွင် လက်ဆေး ဘေစင်များထားရှိပေးရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာနေကြရန်၊ လက်ကို စနစ်တကျ ဆပ်ပြာဖြင့် ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းချက်နှင့်အညီ ပြင်ဆင်လိုက်နာဆောင်ရွက်သွားကြရန်နှင့် ပြင်ဆင်လိုက်နာ ဆောင်ရွက်ပြီးစီးသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်အကြံပြု မှာကြားခဲ့ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)