ဇမ္ဗူသီရိ ဒီဇင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ (၁) တွင် ယမန်နေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ရာသို့ စည်ပင်ဧည့်ရိပ်သာ ဝန်ထမ်း (၂၈) ဦး တက်ရောက်ခဲ့သည်။ ထို့နောက် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဉီးဝင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေး အန္တရာယ်ဆိုင်ရာများကို သတိရှိစေရန်နှင့် အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား အသိပညာပေး ပြောကြားပြီး မီးသတ်ယာဉ်၊ မီးသတ်ဆေးဘူးများဖြင့် မီးငြိမ်းသတ်ခြင်း များကို မီးသတ်ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များက လက်တွေ့ရှင်းလင်းသရုပ်ပြသခဲ့ပြီး စည်ပင်ဧည့်ရိပ်သာ ဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်ခြင်း ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)