မိုးနဲမြို့၌ ဈေးရောင်း ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်

မိုးနဲ    ဒီဇင်ဘာ   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ် နိုင်ရေး အတွက် လွိုင်မြေရပ်ကွက် ပြည်ထောင်စုကားလမ်းမတစ်လျှောက်ရှိ ဈေးဆိုင်းများနှင့် ညနေခင်းဈေး ဈေးရောင်း/ ဈေးဝယ်သူ များ ကို ယမန်နေ့ ညနေပိုင်းက နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခဲ့ကြသည်။

အဆိုပါပြုလုပ်မှုကို မြို့နယ်ကျန်းမာရေးအသိပညာပေး (Mask Campaign) ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီမှ တာဝန်ရှိသူ များ၊ မြို့နယ်ကျန်းမာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊လွိုက်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လွိုင်မြေ ရပ်ကွက် ပြည်ထောင်စုကားလမ်းမတစ်လျှောက်ရှိ ဈေးဆိုင်းများနှင့် ညနေခင်းဈေးရောင်း/ဈေးဝယ် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် တားဆီးမှုရှိစေအတွက် နှာခေါင်းစည်းမတပ်ဘဲ ဈေးရောင်းသူများ၊ ဈေးဝယ်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများကို နှားခေါင်းစည်း (Mask)များ မဖြစ်မနေတပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လက်ရှိကူးစက်ပြန့်ပွား နေမှုအခြေအနေများ၊ ဈေးရောင်း/ဈေးဝယ်ပြု လုပ်လျင် မဖြစ်မနေ နှာခေါင်းစည်း(Mask) တပ်ထားကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် အရောင်း အဝယ် ပြုလုပ်ကြရန်၊      ကျန်မာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းကမ်းချက် များနှင့်အညီ နေထိုင်သွားလာကြရန် စသည့်တိုကို (Hand Speaker)ဖြင့် အသိပညာပေး ဆော်ဩခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)