မောက်မယ် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ပူးပေါင်းကာ ယနေ့ နံနက် ၆ နာရီခွဲက ယာယီပျံကျဈေး၌ အသားငါးရောင်းချသည့် ဈေးဆိုင်များအား ရှောင်တခင် စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ လိုင်စင်စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေး အတွက် အသားငါးများ လတ်ဆတ်မှုရှိ/မရှိ ၊ အလေးချိန်များ ပြည့်/မပြည့် စသည်တို့ကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့် (ပြန်/ဆက်)