ငရုတ်ကောင်း ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာထိန်းချုပ်ရေးအနေဖြင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များအား မြို့ပြင်၌ သတ်မှတ်ထားသော ယာဉ်ရပ်နားစခန်းအား ယမန်နေ့က ယာယီပြောင်းရွေ့ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကုန်စည်ပို့ဆောင်ရေးယာဉ်များမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ယခင်သတ်မှတ်ထားသော ယာဉ်ရပ်နားစခန်းသည် မြို့ပေါ်နှင့် ကျေးရွားများသို့ ဖြတ်သန်းသွားလာသော လမ်းတွင်တည်ရှိနေ၍ ခရီးသွားပြည်သူများနှင့် ထိစပ်မှု လျော့နည်းစေရေး အတွက်မြို့ပြင်၌ ကုန်စည်ပို့ဆောင်ရေးယာဉ်ရပ်နားစခန်းအား ယာယီပြောင်းရွှေ့ဖွင့်လှစ်ပြီး ၎င်းယာဉ်ရပ်နားစခန်းမှ တဆင့်မြို့တွင်းနှင့် ကျေးရွာများသို့ သုံးဘီးယာဉ်၊ ထော်လာဂျီများနှင့် ကုန်စည်များအား စနစ်တကျ ပို့ဆောင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ် ဆောင်ရွက်ကြကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)