ရှားတောမြို့၌ မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်မှုများ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှားတော ဒီဇင်ဘာ ၁၈

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ဌာနဆိုင်ရာအချင်း ချင်း၊ မိတ်ဖက်အဖွဲ့အစည်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်ဝင်းက  အစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော အဖွဲ့အစည်း အသီးသီးမှ အချင်းအချင်း မိတ်ဆက်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူး ဦးအောင်ဇော်လင်းက မြို့နယ်ကျန်းမာရေးဌာန၏ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဆောင်ရွက်ခဲ့သော လုပ်ငန်း များ၊ မြို့နယ်အတွင်း ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုများ၏ အားနည်းချက် အားသာချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး IRC မိတ်ဖက်အဖွဲ့အစည်းမှ မရည်မွန်သန်း က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည် များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း  သိရသည်။

ထွန်းအောင်(ပြန်/ဆက်)