ဟားခါးကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား Mask အခမဲ့ဖြန့်ဝေခြင်းနှင့်ပိုစတာများကပ်ခြင်း၊ လက်သန့်ဆေးရည်ဗူး လှူဒါန်းခြင်းများ ဆောင်ရွက်ပေး

ဟားခါး  ဒီဇင်ဘာ ၁၈

ဟားခါးမြို့နယ်၊ လောက်လုံကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ပြည်သူများအား Mask အခမဲ့ဖြန့်ဝေခြင်းနှင့် ပိုစတာများကပ်ခြင်းနှင့် ကျန်မာရေး အသိပညာပေး လုပ်ငန်းများကို ဒီဇင်ဘာ ၁၇ရက်နေ့က ဟားခါးမြို့နယ်လောက်လုံကျေးရွာတွင် ဆောင်ရွက် ခဲ့ကြပါသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ချင်းပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးရာလ်ခမ်း ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်(၁၁)ဦးတို့မှ ပြည်သူများအား Mask (၂၀၀) အခမဲ့လိုက်လံဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်းနှင့် လောက်လုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် Hand gel ()ဘူးနှင့် Mask (၁၀၀)တို့ကို လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)