ပုံပါကျင်မြို့တွင် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်

ပုံပါကျင်     ဒီဇင်ဘာ     ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ပုံပါကျင်မြို့ မိုင်းဟန်ကျေးရွာအုပ်စု နားကောင်းမူးကျေးရွာတွင် ယမန်နေ့နံနက်  နာရီက စတင် ကောက်ယူခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို ၂၀၁၈ခုနှစ်က  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ကောက်ယူခဲ့ပြီး နောက်ထပ် ငါးနှစ်ဆက်တိုက် ကောက်ယူခြင်း လုပ်ငန်းကို မြို့နယ်အချို့မှာ ကောက်ယူရာမှာ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့လည်း ပါဝင်ခဲ့ပြီး ပုံပါကျင်မြို့ ကျေးရွာအုပ်စု()အုပ်စုမှာ ကွင်းဆင်း ဆောင်ရွက်ရမှာပါ။ ဒီနေ့ဆိုရင် နားကောင်းမူးကျေးရွာအုပ်စုမှာရှိတဲ့ အိမ်ထောင်စုပေါင်း (၁၀၈၆)အိမ်မှာ ကွင်းဆင်း ကောက်ယူနေတာဖြစ်ပါတယ်၊ ကောက်ယူဖို့ လျာထားတာကတော့ ၁၆-၁၂-၂၀၂၀ရက်နေ့ကနေ ၂၄-၁၂-၂၀၂၀ရက်နေ့ အထိ ကောက်ယူဖို့ လျာထားပါတယ်ဟု ပုံပါကျင်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတာဝန်ခံ ဦးအားဘော်က ပြောကြားသည်။

ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရခြင်းမှာ မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးအရ အရေးကြီးသော တိရစ္ဆာန်များ၏ကောင်ရေစာရင်းကို အတိအကျရရှိစေရန်၊ ကောက်ယူရရှိသည့် တိရစ္ဆာန်ကောင်ရေစာရင်းများကို အခြေခံပြီး မွေးမြူဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ စီမံကိန်းများရေးဆွဲပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုစေရန်၊ ကောက်ယူရရှိသော စာရင်းအပေါ်အခြေခံ၍ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက် များကို ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်စေရန်၊ ရရှိလာမည့် အကျိုးစီးပွားများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဦးတည်ချက် စေတနာကို ပြည်သူလူထုက ပိုမိုနားလည် သဘောပေါက်ရန် စာရင်းကောက်အဖွဲ့များ၏ စည်းရုံးလှုပ်ရှားမှုများဖြင့် ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေ၊ တိရစ္ဆာန်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပုံပါကျင်မြို့တွင် ကျေးရွာအုပ်စု ()အုပ်စုရှိပြီး ၎င်းကျေးရွာအုပ်စုများရှိ မိုင်းဟန်ကျေးရွာ၊ နားကောင်းမူးကျေးရွာ၊ ဟွေအောကျေးရွာ၊ မိုင်းကျွတ်ကျေးရွာ၊ နမ့်ဟူးခွန် ကျေးရွာနှင့် အောင်းလောင်း ကျေးရွာများတွင် အဆိုပါစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)