ညောင်ဦး ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင် တန်းဖွင့်ပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီက သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
လုပ်ငန်းစွမ်းဆောင်ရည်သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ထို့နောက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ပို့ချသင်ကြားမည့် ခရိုင်စာရင်းစစ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်း၊ ခရိုင်မြေစာရင်းဦးစီးဌာနလက်ထောက်ညွှန်ကြား ရေးမှူး ဦးသန်းဇော်ဦးတို့အားသင်ကြားမည့် ဘာသာရပ်များမိတ်ဆက်ပြောကြားသည်။ လုပ်ငန်းစွမ်းဆောင်ရည်သင်တန်းသို့ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်တာ ဝန်ထမ်းဆောင်လျက်ရှိသော အကြီးတန်းစာရေး(လစာနှုန်းတူ)နှင့်အခြားအဆင့် ဝန်ထမ်းများတက်ရောက်ကြမည်ဖြစ်ရာ သင်တန်းတွင် ဦးစီးဌာနများ၏ အခြေခံစာရင်းပြု ဌာနများအတွက် ငွေစာရင်းထိန်းသိမ်းရေးနည်းလမ်း ညွှန်ကြားချက်(ပုံစံဌစ-၁၆)ထိ လည်းကောင်း၊ လယ်ယာမြေ၊ မြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ၊နည်းဥပဒေဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ရုံးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များအပါအဝင် ဌာနလုပ်ငန်းများပို့ချသွားမည်ဖြစ်ပြီး ဩဂုတ် ၄ ရက်နေ့မှ ၂၉ ရက်နေ့ထိ၊ နေ့စဉ် နံနက် ၈ နာရီခွဲမှ ၉ နာရီ ၄၅ မိနစ်ထိပို့ချသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။ ဒီပါလင်း