ကွန်ဟိန်း ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ Mask တပ်ဆင်သွားလာခြင်းမရှိသူများထံမှ ကောက်ခံရရှိသော ဒဏ်ငွေများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော််မတီ ထံသို့လှူဒါန်းခြင်းအား ယနေ့ နံနက်(၉) နာရီ ၃၀ မိနစ်အချိန်ခန့်က ကွန်ဟိန်းတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွါးမှုမရှိစေရေးအတွက် Mask Campaign များ ပြုလုပ်ခြင်း၊ Mask တပ်ဆင်သွားလာခြင်း မရှိသူများအား ဒဏ်ငွေ(၂၀၀)ကျပ်ကောက်ခံ၍ Mask တစ်ခုဖြင့် လဲလှယ်ပေးခြင်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာမှ ကောက်ခံရရှိသော ငွေကျပ်တစ်သိန်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီထံသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါလှူဒါန်းခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးခင်မောင်စိုး နှင့် ဝန်ထမ်းများ၊ ဒုရဲအုပ် စောနိုင်ဦး နှင့် တပ်ဖွဲ့ဝင်များ၊ တပ်ကြပ်ကြီး ရဲမင်းဌေး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထွန်း နှင့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့ခေါင်းဆောင် ဦးသိန်းလင်းအောင်နှင့် အဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)