ကယားပြည်နယ်၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရွာသစ်မြို့ရှိ ဒေသခံပြည်သူများအား ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ပေး

ရွာသစ် ဒီဇင်ဘာ ၁၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ မြောက်ပိုင်းရပ်ကွက်ရှိ စတုမာလာဓမ္မာရုံ၌ အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာတွင် ပြည်နယ်ဆေးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ တင်ဝင်း ဦးဆောင်သော အဖွဲ့(၁၈)ဦးသည် ရွာသစ်မြို့ရှိ ဒေသခံပြည်သူများအား တီဘီရောဂါ လက္ခဏာ စမ်းသပ် စစ်ဆေးပေးခြင်း၊ ရင်ခေါင်းဓာတ်မှန် ရိုက်ပေးခြင်း၊ သလိပ်စစ်ပေးခြင်း၊ သွားကျန်းမာရေး အခြေအနေစစ်ဆေးပေးခြင်း စသည့် ကျန်းမာရေးနှင့်သက်ဆိုင်သည့် ရောဂါလက္ခဏာများကို အခမဲ့စမ်းသပ် စစ်ဆေး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

နန်းဆွေဆွေအေး (ပြန်ဆက်)