တုံတာမြို့တွင် ရွေ့လျားဓာတ်မှန်စက်အသုံးပြု၍ တီဘီရောဂါရှာဖွေကုသခြင်းများ အခမဲ့ဆောင်ရွက်ပေး

တုံတာ  ဒီဇင်ဘာ  ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကျိုင်းတုံမြို့ ပြည်နယ်တီဘီရောဂါတိုက် ဖျက်ရေးဌာနမှ GF အထောက်အပံ့ဖြင့် ရွေ့လျား ဓာတ်မှန်စက်ကို အသုံးပြု၍ တီဘီရောဂါ ရှာဖွေကုသခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီခန့်က တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ နန်းဆောင်ခမ်းနှင့် တာဝန်ရှိသူများ၊ တုံတာမြို့ကျန်းမာရေးဦးစီးမှ ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော စည်းကမ်းချက်များနှင့်အညီ တစ်ဦးချင်း အလိုက်နာမည်စာရင်းကောက်ယူပြီး ရွေးလျားဓာတ်မှန်စက်ဖြင့် အဆုတ်ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်စစ်ခြင်း နှင့် တီဘီရောဂါရှာဖွေကုသခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ လာရောက်ပြသသူများမှာ မိမိမိသားစုဝင်များထဲတွင် တီဘီဆေးသောက်နေရသူများ၊ နှစ်ပတ်ထက်ပို၍ ချောင်းဆိုး ဝေဒနာ ခံစားနေရသူများ၊ ချောင်းဆိုးရာတွင် သွေးပါသူများ၊ အစားပျက်၍ ကိုယ်အလေးချိန်လျော့ကျနေသူများ၊ ကျောအောင့်ရင်ဘတ်အောင့်ဖြစ်နေသူများ၊ မောပန်းလွယ်၍ လည်ပင်း၊ ခေါင်း၊ ပေါင်ခြံအစရှိသော နေရာများတွင် အကျိတ်များ ထွက်ရှိသူများနှင့် သက်ကြီးရွယ်အို အဘိုးအဘွားများ ပါဝင်ကြောင်းမြို့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)