စဉ့်ကိုင် ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အဖွဲ့သည် ဩဂုတ် ၄ ရက် နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည် တက္ကသိုလ်အတွင်းရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ ကျောက်ဆည် တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် တက္ကသိုလ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံ များ ပြန်လည်ပြုပြင်တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ် ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)