မိုးကုတ်မြို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းစာရင်းရေးသွင်းနည်းသင်တန်းဖွင့်လှစ်

မိုးကုတ်၊ဒီဇင်ဘာ  ၁၈

မိုးကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း စာရင်းရေးသွင်းနည်းသင်တန်းကို ယ​​နေ့နံက် ၁ဝနာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှုး ဦးလှမိုးဦး ငွေစာရင်းလုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်း များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သိန်းက ​ မြစိမ်း​ရောင်ဆိုင်ရာ လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။ အဆိုပါသင်တန်းကို (၁)ရက်တာ ပို့ချသွားမည်ဖြစ်​ပြီး မြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသား /သူ (၁၄)ဦးတက်ရောက်ခဲ့ကြသည်။

မိုးကုတ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န၏ ဦးဆောင်မှုဖြင့် ကျေးရွာပေါင်း (၃၇)ရွာတွင် မြစိမ်းရောင်စီမံကိန်းအား အကောင် အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်းသိရပါသည်။

ဖြိုးမမ(မိုးကုတ်)