ကျိုက်လတ် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက်(၇) နာရီခန့် ကစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းကော်မတီ နှင့် တာဝန်ရှိသူများ က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးများ အား အရှိန်အဟုန်မြှင့် အသိပညာပေး စစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့ (၂) လမ်း မှ (၅) လမ်းအထိ ကမ်းနားလမ်းတစ်လျှောက် ဖွင့်လှစ် ရောင်းချသောဈေးဆိုင်များ နှင့် အောက်ရွာလေးဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် ဈေးရောင်းသူ ၊ ဈေးဝယ်သူများ အနေဖြင့် နှာခေါင်းစည်း (Mask) များ တပ်ဆင်ထားခြင်း ရှိ/မရှိ ၊ လက်ဆေးရန် နေရာထားရှိခြင်း ရှိ/မရှိ ၊ စားသောက်ကုန် ရောင်းချသည့် ဈေးဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ တို့ကို စစ်ဆေးပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) လိုအပ်သူများ အား ဝေငှပညာပေးခြင်း ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် ဈေးဆိုင်များ နှင့် ဈေးဝယ်သူများ လိုက်နာရမည့် အချက်များ ၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရာတွင် စနစ်တကျ တပ်ဆင်နည်းနှင့်စွန့်ပစ်နည်းများ ၊ စနစ်တကျ လက်ဆေးနည်းများ ကို အသိပညာပေး စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းထိုက် ၊ ခေါင်းဆောင်ပြီး မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်များ ဖြစ်ကြသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့် ၊ စည်ပင်သာယာရေး အဖွဲ့မှ ဒုဦးစီးမှူး ဦးမျိုးမင်းဇော် ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်ထွန်း ကျန်းမာရေး ဦးစီးဌာန ၊ မီးသတ်ဦးစီးဌာန ၊ ကြက်ခြေနီတပ်ဖွဲ့ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ အစရှိသည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။
ရီရီမြင့်(ပြန်/ဆက်)