အမရပူရ သြဂုတ် ၆
မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါ သွင်းအားစုများဖြင့် မိုးစပါးစိုက်ပျိုးနေမှုများကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ သာမန်စစ်ဆေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါ်သီတာစိုးနှင့်အဖွဲ့က အမရပူရမြို့နယ် ဂျိုကျေးရွာ စိုက်ထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးဇော်မျိုးထွန်း၏ မိုးစပါးစိုက်ခင်းဧက ၅ ဧက၊ seeder စပါးမျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချ စိုက်ပျိုးခြင်း၊ ကောက်စိုက်စက် စက်ကိရိယာဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း အမရပူရမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်လေးထံမှ သိရသည်။
စိုးသီဟ(အမရ)