ညောင်ဦးမြို့ ရွှေမိုက်များ မီးဖုတ်ရွှေထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ဆောင်လျက်ရှိ

ညောင်ဦး ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပြီးမြောက်ရာမှ ထွက်ရှိလာသည့် ရွှေမိုက်များ မီးဖုတ်ရွှေသန့်စင်ထုတ်လုပ်သည့် မီးဖုတ်ထုတ်ယူနေသည့် လုပ်ငန်းသို့ ယနေ့ နံနက် ၁၀ နာရီက ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေစည်းခုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ ရွှေသင်္ကန်းကပ်လှူ၍ ရရှိလာသော ရွှေလှောင်လိပ် (၂၄၆၁၅) လိပ်၊ ဝါဂွမ်း၊ ကြောင်ချေး၊ စေတီတော်ကြီးအား ရွှေမိုက်ထုတ်စဉ်က ပါဝင်ခြင်းမရှိသော  ခန္ဓာဆက်နတ်ရုပ်ထုနှင့် စေတီတော်ကြီး ထောင့်(၄)ထောင့်ရှိ မြေအောက်သဲစုကန်များရှိ သဲများထဲမှ ရွှေမိုက်ထုတ်ယူခြင်းတို့အား ရွှေချက်မီးဖုတ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရွှေစည်းခုံစေတီတော်ဝင်းအတွင်းသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ ရွှေစည်းခုံဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ၊ ရွှေချက်လုပ်ငန်းမှ တာဝန်ရှိသူများ၊ ရွှေပညာရှင်များက သိရှိလိုသည်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ဆက်)