ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး သဘောတရားများကို ဗီဒီယိုမှတ်တမ်းပြသခြင်းနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ငါန်းဇွန် ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေး သဘောတရားများကို ကျောင်းသား/သူများအား သိရှိနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဗီဒီယိုမှတ်တမ်းပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ လန်းချမ်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသည့် ဗီဒီယိုမှတ်တမ်း(၂)ခုကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး သဘောတရားများ သိရှိနိုင်ရေးအတွက် ပြသပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့် ဒုတိယဦးစီးမှူး ဦးကျော်သူစိုးတို့က ဆက်သွယ်ရေးလိမ်လည်မှု သဘော တရားများအား သိရှိနိုင်ရေး အသိပညာပေး ရှင်းလင်းဟော​​ပြောခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)