တံတားဦး ဩဂုတ် ၆
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဒေသခံတောင်သူများသည် တောင်သူလုပ်ငန်းကို အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိုးရာသီကာလတွင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် သဘာဝအော်ဂဲနစ် အသီးများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်လာကြကြောင်း သိရသည်။
စားဖိုဆောင်သီးနှံများကို မိမိတို့အိမ်ခြံမြေများနှင့် ယာလုပ်ငန်းများတွင် မိုးရွာသွန်းသည့်အချိန်များတွင် ငရုပ်၊ သခွား၊ ခဝဲ၊ ရွှေဖရုံ၊ ချဉ်ပေါင်၊ ရုန်းပတီများကို သဘာဝအော်ဂဲစနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်အပြင် ဒေသခံပြည်သူများအတွက် အများဆုံနှစ်သက်ကြပြီး မိသားစု ထမင်းဝိုင်းတွင် မပါမဖြစ် စားသုံးကြသည့် သီးနှံဖြစ်ကြောင်း စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့် အချိန်တွင် တောင်သူအများစုမှာ ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံများရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း စားဖိုဆောင်သီးနှံများ ရောင်းချသည့် ဒေသခံပြည်သူများအနေဖြင့် တစ်ရက်လျှင် ငွေကျပ် (၁၀၀၀၀) မှ (၁၅၀၀၀) ကျပ် အထိ ရရှိသဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၁) အုပ်စု စုစုပေါင်း (၆၄) အုပ်စု တွင် မိုးရာသီကာလတွင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးသည့်လုပ်ငန်းကို အိမ်ခြံမြေနှင့် ယာလုပ်ငန်းတို့တွင် မိသားစုစားဝတ်နေရေး အဆင်ပြေနိုင်ရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း စားဖိုဆောင်သီးနှံ စိုက်ပျိုးသူ ပြူကန်ကျေးရွာ တောင်သူ ဦးဇော်ဦးထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)