ကာမိုင်း ဒီဇင်ဘာ ၁၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ Quarantine Center များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော Volunteer များအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်က Quarantine Center များတွင် တာဝန်ထမ်း ဆောင်လျက်ရှိသော Volunteer များအနေဖြင့် ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး၊ တိုက်နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ကျန်းမာရေးဆိုင်ရာအထောက်အကူပြု ဆေးပစ္စည်းအမည်များကို ထပ်ဆင့် ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေအလိုက်ကြီးကြပ်ရေးအဖွဲ့များဖြစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ Volunteer ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး၊ ဖားကန့်မြို့နယ် ကာမိုင်းမြို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများနှင့် လီဒိုလမ်းကြောရှိ ကျေးရွာအုပ်စုများ စုစုပေါင်း(၁၂)အုပ်စုတွင် Quarantine Center များ၌ တာဝန်ထမ်းဆောင်နေသည့် Volunteer များအား ကျန်းမာရေး အထောက်အကူပြုပစ္စည်းနှင့် အခြားအသုံးအဆောင်ပစ္စည်းများအတွက် ကျပ်(၈၉၉၆၀၀၅)တန်ဖိုးရှိ ပစ္စည်း(၂၂)မျိုးတို့ကို အသီးသီးပေးအပ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)